Local News

မုံရွာမြို့တွင် စားဖိုဆောင်သုံးအသီးရွက်နှင့်စားကုန်ဈေးနှုန်းအခြေအနေ

Last Updated:

မုံရွာမြို့တွင် မေလ တတိယပတ်အတွင်း အရောင်းအဝယ်ဖြစ်နေသော အခြေခံစားကုန်ဈေးနှုန်း များမှာ ရွှေဘိုပေါ်ဆန်း တစ်ပြည် ၉၂၀၀ကျပ်၊ ဧရာမင်း တစ်ပြည် ၆၇၀၀မှ ၆၈၀၀ ကျပ်၊ ပဲဆီ တစ်ပိဿာ ၁၉၅၀၀ကျပ်၊ နှမ်းဆီ တစ်ပိဿာ ၁၅၀၀၀ ကျပ်၊ နေကြာဆီ တစ်ပိဿာ  ၁၅၅၀၀ ကျပ်၊ စားအုန်းဆီ တစ်ပိဿာ ၈၈၉၅ ကျပ်တို့ရှိကြောင်း သိရပါသည်။

မုံရွာမြို့တွင် စားဖိုဆောင်သုံးစားကုန်ဈေးနှုန်းများမှာ ကြက်သွန်နီ တစ်ပိဿာ၂၀၀၀ မှ ၂၂၀၀ ကျပ်၊ ကြက်သွန်ဖြူ(ရှမ်း) တစ်ပိဿာ ၆၀၀၀ကျပ်၊ ကြက်သွန်ဖြူ(ဗမာ) တစ်ပိဿာ ၇၅၀၀ မှ ၈၅၀၀ ကျပ်၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ အာလူး တစ်ပိဿာ ၄၀၀၀မှ ၄၅၀၀ ကျပ်၊ ချင်းတက် တစ်ပိဿာ ၅၅၀၀မှ ၆၀၀၀ ကျပ်၊ နနွင်းတက် တစ်ပိဿာ ၁၆၀၀၀ ကျပ်၊ ဆား  တစ်ပိဿာ ၃၀၀၀ ကျပ်၊ မန်ကျည်းမှည့် တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာ ၁၃၀၀၀မှ ၁၄၀၀၀ ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာ ၃၈၀၀မှ ၄၀၀၀ ကျပ်၊ ခရမ်းသီး တစ်ပိဿာ ၃၀၀၀မှ ၃၅၀၀ ကျပ်၊ ကျောက် ဖရုံသီး တစ်လုံး ၃၅၀၀မှ ၅၀၀၀ ကျပ်၊ ဘူးသီး တစ်လုံး ၂၀၀၀ ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ် ၂၀၀၀မှ ၃၀၀၀ကျပ်၊ မုံလာဥနီ တစ်ပိဿာ ၁၃၀၀၀ကျပ်၊ ကြက်ဟင်းခါးသီး တစ်ပိဿာ ၃၅၀၀ ကျပ်၊ ခဝဲသီး တစ်ပိဿာ ၅၀၀၀ကျပ်၊ မန်ကျည်းရွက် တစ်ထုပ် ၁၀၀၀ ကျပ်၊ ဂေါ်တခါးညွှန့် တစ်ပိဿာ ၅၀၀၀မှ ၅၅၀၀ ကျပ်၊ ရေဦးပဲငပိ (အခြောက်) တစ်ပိဿာ ၁၈၀၀၀ ကျပ်၊ ရေဦးပဲငပိ (အစို) တစ်ပိဿာ ၁၀၀၀၀ ကျပ်၊ သခွားသီး တစ်လုံး ၇၀၀မှ ၁၀၀၀ ကျပ်၊ ကင်ပွန်းရွက် တစ်စီး ၅၀၀ ကျပ်၊ အိုးမုံညင်း တစ်စီး ၃၀၀ ကျပ်၊ ကန်စွန်းရွက် တစ်စီး ၂၀၀ ကျပ်၊ ချဉ်ပေါင်ရွက် တစ်စီး ၂၀၀ ကျပ်၊ ကြက်ဥ တစ်လုံး ၅၀၀မှ ၅၅၀ ကျပ်၊ ဘဲဥ တစ်လုံး ၇၀၀ ကျပ်စသည့် ဈေးနှုန်း များဖြင့် အသီးသီးရောင်းဝယ်နေကြပြီး ကုန်စိမ်းအဝင် လက်ကျန်ပေါ်မူတည်၍ ဈေးနှုန်းအနည်းငယ် ပြောင်းလဲနိုင်ပါကြောင်း သိရသည်။

Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး

Category: Local News